Ads 468x60px

!

Pages

ရည်ရွယ်ချက်

ကျွန်တော်တို့ Kaimay Trading Pte Ltd သည် 1985 ခုနှစ်ကတည်းကစ၍ Singapore တစ်နိုင်ငံလုံးရှိ ( 7 Stars, 96 Budget Living, AC Furniture, A's Design, Beds.sg, Brighton Furniture, Beng Tuan, Ban Hin, Chaimay, Choon Hin, Defu, DK, Dezier, Eleon, EN Holding LLP, Excellent, Gaphiler, Jurong East, Jurong West, K & D, Keat Hong, Lee Furniture, Majesty, New Best City, Omega, Siang Mu, Silver River, TPY177, Vickson, Zeal Cre8tion) အစရှိတဲ့ Furniture ဆိုင်ပေါင်း ၁၀၀ ကျော်ကို နေ့စဉ် Furniture ပစ္စည်းများ Supply လုပ်ပေးနေသော Wholesaler Furniture Company ကြီးတစ်ခု ဖြစ်ပါသည်။

အထက်ဖော်ပြပါ Furniture ဆိုင်များသည် ၄င်းတို့ Customer များ ၀ယ်ယူသွားသော Furniture ပစ္စည်း များကို ကျွန်တော်တို့ Company သို့ Purchase Order အဖြစ် ၄င်းတို့ Invoice များကို Fax ထိုးပေးကြပါသည်။ ကျွန်တော်တို့ Company ကလည်း အထက်ဖော်ပြပါ ဆိုင်များမှ ၀ယ်ယူသွားသော Customer များဆီကို Furniture ဆိုင်များကိုယ်စား ၄င်းတို့ရဲ့ Invoice Copy များသုံး၍ Delivery ပို့ပေးရပါသည်။ Customer များဆီမှ ၄င်းတို့ကိုယ်စား Balance ငွေများ သိမ်းပေးခဲ့ပြီး လကုန်တဲ့အခါမှ ထို Furniture ဆိုင်များနှင့် ကျွန်တော်တို့ စာရင်းရှင်းကြပါတယ်။

အထက်ဖော်ပြပါ Furniture ဆိုင်များရဲ့ Invoice တွေကို လေ့လာကြည့်တဲ့အခါမှာ ကျွန်တော်တို့ ရွှေမြန်မာများရဲ့ နာမည်တွေကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ ရွှေမြန်မာ အများအပြားဟာ အထက်ဖော်ပြပါ Furniture ဆိုင်များမှာ Furniture ပစ္စည်းများကို ကျွန်တော်တို့ Company က အဆိုပါ Furniture ဆိုင်များကို ဖြန့်ပေးတဲ့ Wholesale Price ထက် များစွာ မြင့်မားတဲ့ ဈေးနှုန်းတစ်ခုနဲ့ ၀ယ်ယူနေကြရတာကို တွေ့နေရပါတယ်။ ပစ္စည်း အသေးအဖွဲလေးတွေမှာ ဈေးသိပ်မသိသာပေမယ့် Bedroom Set တွေ၊ Wardrobe အကြီးကြီးတွေလိုမျိုးတွေ ၀ယ်ယူတဲ့အခါမှာ ချွေးနည်းစာ လုပ်အားခပိုက်ဆံတွေ လိုအပ်တာထက် ပိုသုံးနေရတာကို စိတ်မကောင်းစရာ တွေမြင်နေရပါတယ်ဗျာ။ ဒါကြောင့် ကျွန်တော် Boss ရဲ့ ခွင့်ပြုချက်ကိုတောင်းခံပြီး ကျွန်တော်တို့ Myanmar Society အတွက် သင့်တော်မယ့် ဈေးနှုန်းတစ်ခုနဲ့ Furniture များ ရောင်းချပေးရန် ရည်ရွယ်ပြီး ဒီ Website လေးကို ဖန်တီး ဖွဲစည်းခဲ့ခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ရွှေမြန်မာတွေ Furniture များဝယ်ယူတော့မယ်ဆိုရင် ဒါမှမဟုတ် မေးမြန်း စုံစမ်းချင်တယ်ဆိုရင် naythwin@kaimay.com.sg (or) kelvin@kaimay.com.sg ကို email ပို့ရင်ပဲဖြစ်ဖြစ်၊ 6269 0198 (or) 9023 4331 ကို SMS ဒါမှမဟုတ် Phone ခေါ်ဆိုပြီးပဲဖြစ်ဖြစ် အခမဲ့ အကြံဥာဏ်များ တောင်းဆိုနိုင်ကြပါတယ်။ Furniture အသိုင်းအ၀ိုင်းမှာ ၆ နှစ်ကျော်လောက် အတွေ့အကြုံကောင်းများရှိခဲ့တဲ့ ကျွန်တော်အနေနဲ့လည်း ကျွန်တော်တို့ ရွှေမြန်မာ ညီအစ်ကို မောင်နှမများအတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများ မှန်ကန်စွာ ချမှတ်နိုင်အောင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးနိုင်ပါလိမ့်မယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်။


*အထူးပန်ကြားချက်*
ကျွန်တော်တို့ ရွှေမြန်မာများ Furniture လာဝယ်တဲ့အခါ ကျွန်တော်ကို ရှာမတွေ့ခဲ့ပါက Shwe Furniture Website မှတဆင့် လာရောက်ခဲ့ပါကြောင်း ပြောပြမှသာလျှင် အခြား Sales များက ကျွန်တော် ကြော်ငြာပေးထားသော (Wholesale) အထူးဈေးနှုန်းများဖြင့် ကျွန်တော်တို့ ရွှေမြန်မာများကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ Showroom က သတ်မှတ်ထားသော ဈေးနှုန်းများဖြင့်သာ အခြား Sales များက ရောင်းချမှာ ဖြစ်ပါတယ်။

Kelvin NG (ကိုနေသွင်)
HP: 9023 4331

Kaimay Trading Pte Ltd
66 Sungei Kadut Loop, # 03 - 00
Singapore 729503
Tel: 6269 0198 Fax: 6269 0266

Email: kelvin@kaimay.com.sg